ကော့ကရိတ် ၁၇  သြဂုတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၇)ရက်နေ့မှစ၍ကျေးရွာများသို့ကွင်းဆင်း၍  ပြုလုပ်​ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး  ​​​ကော့ကရိတ်မြို့​နယ်တွင် ကျေးရွာအုပ်စု(၈)  အုပ်စုမှ အသက်(၁၀)နှစ်ပြည့် ၃၆၀၊ အသက်(၁၈)နှစ်ပြည့် (၇၄၈)ဦး စုစု​ပေါင်း(၁၁၀၈)ဦး နှင့်အိမ်​​ထောင်စုလူဉီး​ရေစာရင်းများအား ပြုလုပ်ဆောင်ရွက်‌ပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရာတွင် ​​​​ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး နှင့်သတ်မှတ်​နယ်​မြေအလိုက် တာဝန်ကျဝန်ထမ်းများ ​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများမှ ပူး​ပေါင်း​ဆောင်ရွက်​ပေးလျှက်ရှိ​ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)