၁၈ ဩဂုတ်
အင်တာမီလန် ၅ - ၀ ရှက်တာဒိုးနက်
ဒီကနေ့မနက် အစောပိုင်းမှာ ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အီတလီကလပ် အင်တာမီလန်အသင်းက ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂိုးတွေကိုတော့ ပွဲကစားချိန် (၁၉)မိနစ်မှာ ညာတောင်ပံကနေ နီကိုလို ဘိုရယ်လာရဲ့ တင်ပို့မှုကနေမှ လော်တာရို မာတီနက်ဇ်က အနီးကပ်အပိုင် ခေါင်းတိုက်သွင်ယူပြီး၊ ရှက်တာဂိုးသမား ကာကွယ်ချိန်တောင် မရလိုက်ဘဲ ဦးဆောင်ဂိုးစရစေခဲ့ပါတယ်။
(၆၄)မိနစ်မှာ ထောင့်ကန်ဘောရပြီး မာဆယ်လို ဘရိုဇိုဘစ်ရဲ့ ကန်တင်မှုကနေမှ ဒါနီလို ဒီအမ်ဘရိုဆီယိုက ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့ကာ အင်တာအတွက် ဒုတိယဂိုးထပ်ရခဲ့ပါတယ်။
(၇၄)မိနစ်မှာ တတိယဂိုးရခဲ့ပြန်ကာ လူကာကူရဲ့ပေးပို့မှုကနေမှ လော်တာရို မာတီနက်ဇ်က တစ်ဖက်ဂိုးရှေ့ ကိုက်၂၀အကွာလောက်ကနေ အစွမ်းပြကန်သွင်းယူခဲ့ပြီး အတော်လည်း လှပတဲ့ ဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။
(၇၈)မိနစ်မှာတော့ တိုက်စစ်မှူး လူကာကူက (၄)ဂိုးမြောက်ကို သွင်းယူခဲ့ပြီး လော်တာရို မာတီနက်ဇ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
(၅)ဂိုးမြောက် ပွဲသိမ်းဂိုးကိုလည်း လူကာကူကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ စတီဗင် ဒီ ဗာ့ချ်ရဲ့ အလောတော်ချပေးမှုကို လူကာကူ ညာတောင်ပံကနေ တောက်လျှောက်ဆွဲပြေးပြီး ပြေးပြေးကန်ကန် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ဗိုလ်လုပွဲ - ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ မန်ချက်စတာ ယူနိုက်တက်ကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူပြီး တက်လာတဲ့ ဆီဗီလာအသင်းနဲ့ ယခု ရှက်တာဒိုးနက်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ယူပြီး တက်လာတဲ့ အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။ ဥရောပပွဲတွေအဖြစ် တစ်ဖက်ချန်ပီယံလိဂ်မှာ စပိန်နဲ့ အီတလီအသင်းတွေ အခြေမလှဖြစ်ပြီး ထွက်ခဲ့ရပြီဖြစ်ပေမဲ့လည်း ယူရိုပါလိဂ်မှာတော့ စပိန်နဲ့အီတလီ(၂)သင်းက ဗိုလ်လုပွဲတက်ခဲ့တာပဲ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ လာမဲ့ဩဂုတ်လ(၂၂)ရက်နေ့နှောင်းပိုင်း ည(၁)နာရီခွဲမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
#အောင်အောင်ဦး(MRTV)
Source – AFP