၁၈ ဩဂုတ်
ပြည်တွင်းစီးပွားရေး ပြန်လည် သက်ဝင်လာစေမည့် ကြိုးပမ်းမှု တစ်ရပ်အဖြစ် သြဂုတ်လ ၁၉ ရက်မှစ၍ ဖိလစ်ပိုင် အစိုးရက မနီလာမြို့တွင်းနှင့် ပတ်ဝန်းကျင်၌ ကိုရိုနာဗိုင်းရပ်စ် သွားလာမှု ကန့်သတ်ချက် ဖြေလျှော့မည် ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဆက်လက်မြင့်တက်နေစဉ် အစိုးရက သွားလာမှုကန့် သတ်ချက် ဖြေလျှော့ရန် စီစဉ်ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေး ကျဆင်းခဲ့ပြီး လူအများအပြား အလုပ်လက်မဲ့ ဖြစ်ကုန်ကြောင်း ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက ရုပ်သံမိန့်ခွန်း တစ်ခုအတွင်း ပြောကြားခဲ့သည်။ သွားလာမှု ကန့်သတ်ချက်ကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံသားများ၊ ကုမ္ပဏီများကို လျော် ကြေးပေးရန် အစိုးရက မတတ်နိုင်တော့ကြောင်း ၄င်းက ပြောသည်။
ဧပြီ-ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီမှာ ၁၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၁၉၈၁ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံက ဇွန်လနောက်ပိုင်း သွားလာမှု ကန့်သတ်ချက် အစီအမံများ တစ်ဖြည်းဖြည်း ဖြေလျှော့လျက်ရှိသည်။ ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် သြဂုတ် လ ၄ ရက်အထိ မနီလာမြို့တော်နှင့် အိမ်နီးချင်းပြည်နယ်လေးခုတွင် အပျော်ခရီးတို ထွက်ခြင်းနှင့် စီးပွားရေးလုပ် ငန်းများကို ကန့်သတ်ခဲ့သည်။
အဆိုပါ ဧရိယာများရှိ စီးပွားရေး လုပ်ငန်းအများစု အနေဖြင့် သြဂုတ်လ ၁၉ ရက်မှစ၍ ပုံမှန် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်နိုင်တော့မည်ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်