ညောင်ရွှေ  ၁၈   ဩဂုတ်

 

၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမအကြိမ် ထုတ်ပြန်ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်းများ၏ ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိ‌ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ညောင်ရွှေမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားလာမှုများအပေါ် မဲစာရင်းတွင် စာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။

 

ညောင်ရွှေမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်ကာလအတွင်း ပုံစံ(၃)ဖြင့် လျှောက် ထားသူ ၂၀၁၆ ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၆၅၈ ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခွင့်တင်ပြသူ ၁၆၁၀  ရှိပြီး မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ  ၉၅၁၁၀ ရှိကြောင်း သိရသည်။

 

နေမျိုးသူရိန်