၁၈ ဩဂုတ်
မက္ကဆီကို သမ္မတ အန်ဒရီ မန်နျူ လိုပတ်စ် အိုဘရာဒို က ရုရှားနိုင်ငံက ထုတ်လုပ်မယ့် ဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အစွမ်းထက်ခဲ့မယ်ဆိုရင် ပထမဆုံး ရယူလိုသူများတွင် သူ ပါဝင်ကြောင်း တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။
ရုရှားနိုင်ငံက ကမ္ဘာမှာ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်နိုင်တဲ့ဆေး သူ့မှာ ရှိနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာအပြီး အနောက်နိုင်ငံတွေက သိပ္ပံပညာရှင်တွေကတော့ အဲဒီဆေးဟာ သုံးစွဲသူတွေအတွက် ဘေးအန္တရာယ် ကင်းကြောင်းနဲ့ အစွမ်းထက်ကြောင်း သက်သေပြဖို့ လိုအပ်ကြောင်း ပြောနေပါတယ်။
မက္ကဆီကို သမ္မတရဲ့ နေ့စဉ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရုရှားထုတ် ကာကွယ်ဆေးက အစွမ်းထက်မယ်ဆိုရင် သူကိုယ်တိုင် ကာကွယ်ဆေး ထိုးချင်ကြောင်း၊ နိုင်ငံတွင်းက လူတိုင်း အတွက်လည်း ဆေးရရှိရေးနဲ့ ဆေးက အစွမ်းထက်ဖို့လည်း လိုအပ်ကြောင်းကို သေချာအောင် လုပ်ဆောင်ရမယ်လို့ တနင်္လာနေ့က ပြောကြားပါတယ်။
သမ္မတက ဆက်ပြောရာတွင် ဒီနေရာ ဝါဒတွေထက် ကျန်းမာရေးက အရေးကြီးကြောင်း၊ ရုရှား သို့မဟုတ် တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးသာ ထုတ်ခဲ့မယ်ဆိုရင် သူ့အနေ ရရှိနိုင်ကြောင်း ပြောပါတယ်။
မက္ကဆီကို နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ငါးသိန်းကျော် ရှိပြီး ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၅၆,၀၀၀ ကျော် ရှိတဲ့အတွက် ကမ္ဘာမှာ တတိယ အများဆုံး သေဆုံးကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP