ရန်ကုန် ၁၉ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကူးစက်နိုင်သောရောဂါများ စောင့်ရှောက်ကုသခြင်း လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် စဉ့်ငူရပ်ကွက်အတွင်းရှိ အောင်ဆန်းမိုးကုတ်ရပိသာအဖွဲ့ခွဲ(၇၇)တွင် သက်ကြီးရွယ်အို များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် မကူးစက်နိုင်သောရောဂါများ စောင့်ရှောက်ကုသခြင်း လုပ်ငန်းများကို အင်းစိန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ သင့်တော်သော ကိုယ်လက်လှုပ်ရှားခြင်းများအား သရုပ်ပြ၍ လေ့ကျင့်စေခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ကြီးရွယ်အို များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကူးစက်နိုင်သောရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)