ရှင်ဗွေယန် ၁၉ သြဂုတ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့နှင့် (၉)မိုင်ခန့်အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီက တောင်မြေ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ တောင်မြေကမ်းပါးပြိုကျမှုမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း (228 km နှင့် 229 km)ကြားတွင် အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့် (၁၀)ပေခန့် တောင်ကမ်းပါးပြိုကျခဲ့ရာ၌ လီဒိုလမ်းမ ကြီး ရှင်ဗွေယန်-နန်းယွန်း တောင်တက်လမ်းကြောင်း ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် Loader(၁)စီးဖြင့် တောင်ကမ်းပါး ပြိုကျလဲ့ရာ မြေသားများကို ရှင်ဗွေယန်မြို့ လမ်းဦးစီးဌာနမှ ဖယ်ရှားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)