လှိုင်းဘွဲ    ၁၉      ဩဂုတ် 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်မြို့နယ် ရဲတပ်ဖွဲ့တို့ပူပေါင်း၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (Exercise Is Medicine) EIM အစီအစဉ်အရ ခန္ဓာကိုယ်အလေးချိန်၊ အရပ်ထိန်းညှိပေးခြင်း လေ့ကျင့်ခန်းများကို  ယမန်နေ့က မြို့နယ်ရဲတပ်ဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ  အားကစားလှုပ်ရှားရခြင်း၏ အကျိုးကျေးဇူး များ၊ သက်ရှည်ကျန်းမာစေဖို့ နေ့စဉ်လမ်းလျောက်ကြစို့၊ လူတိုင်းအတွက် ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှား လေ့ကျင်းခန်း(၄)မျိုး စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်မိနန္ဒာမွန်က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရပ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၅)ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)