မြစ်ကြီးနား ၁၉ ဩဂုတ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ဆမားလမ်းနှင့် အောင်ဆန်းလမ်းဒေါင့် မြန်မာ့သစ် ထုတ်လုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာရှိ လုံးပတ်(၄)ပေခန့် အမြင့်ပေ(၃၀)ခန့်ရှိ ကုက္ကိုပင်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၁၈ ရက် ည ၇ နာရီခန့်က သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် အနီးရှိ သွပ်မိုး၊ ထရံကာ (၁၂)ပေပတ်လည် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ၊ ဆိုင်ကယ် (၂)စီး၊ အောင်ဆန်းလမ်းမကြီးဘေးရှိ (၁၄)ပေ ပတ်လည် သစ်သီးဆိုင်ခန်း (၄)ခန်း၊ မော်တော်ယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ်တို့ ပျက်စီးသွားခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှူးဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပြိုကျနေသော ကုက္ကိုပင်ကို ရှင်းလင်းခြင်း၊ လမ်းများပိတ်ဆို့မှုမဖြစ်ပွားရအောင် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
စိန်ဝင်း(ပြန်/ဆက်)