ဘုတလင်  ၁၉ ဩဂုတ်  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် သပြေပင်ကျေးရွာအုပ်စု၊ နှောရင်းကျေးရွာ၊ ကွင်းအမှတ် ၂၇၂-ခ၊ ဦးပိုင်အမှတ် ၁၀၇ ရှိ တောင်သူ ဦးနန်းဝင်းရွှေ၏ လယ်ကွင်းတွင် ဩဂုတ် ၁၉ ရက်၊ နံနက် ၈ နာရီအချိန်က မျိုးစေ့ထုတ် မိုးစပါးများ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့မျိုးစေ့ထုတ် မိုးစပါးများ စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာ၊ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းဝင်းနှင့် ဝန်ထမ်းများက သတ်မှတ်စိုက်နည်းစနစ်နှင့်အညီ မျိုးစေ့ထုတ် မိုးစပါး ဧရာမင်း(၂)ဧက စိုက်ပျိုးနေမှုအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။

 

ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် တောင်သူ ၈၀ ဦးက အရည်အသွေးကောင်းမျိုး ၂၁၅ ဧက၊ အထွက်ကောင်းမျိုး ၁၅ ဧက၊ စုစုပေါင်း မျိုးစေ့ထုတ် မိုးစပါး ၂၃၀ ဧက စိုက်ပျိုးလျက်ရှိပြီး မျိုးစေ့ထုတ် မိုးစပါး စိုက်ပျိုးသည့် တောင်သူများကို အရည်အသွေးကောင်းမျိုးတစ်ဧကလျှင် ငွေကျပ် ၁၀၅၀၀၊ အထွက်ကောင်းမျိုး တစ်ဧကလျှင် ငွေကျပ် ၈၅၀၀ နှင့် စိုက်ပျိုးစရိတ်အဖြစ် တစ်ဧက လျှင် ငွေကျပ် ၇၅၀၀၀ ထောက်ပံ့ပေးကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)