၁၉ ဩဂုတ်
ယခုနှစ်အတွင်း ခုနှစ်ကြိမ်မြောက် ဖြစ်ပေါ်သည့် တိုင်ဖွန်းမုန်တိုင်း ဟီဂိုမှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသ အာဏာပိုင်များက ပြောကြားခဲ့သည်။
မုန်တိုင်းဟီဂိုသည် ဂျင်ဝမ်ခရိုင် အနီးပတ်လည်တွင် နံနက် ၆ နာရီတွင် ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မီတာအထိ ရှိကြောင်း ပြည်နယ် မိုးလေဝသ လေ့လာရေးအရ သိရသည်။
မြို့တော်ကျူဟိုင်းတွင် အရေးပေါ် အခြေအနေ အဆင့်တစ်အဖြစ် သတ်မှတ်ထားပြီး တိုင်ဖွန်းမုန်တိုင်း ဟီဂိုကို အရေးပေါ် အခြေအနေ တုံ့ပြန်ရန် သတ်မှတ်ထားသည်။
ကျူဟန်ရှိ အုပ်ချုပ်ရေးများနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာ အားလုံးကို ရပ်ဆိုင်းထားလျက်ရှိပြီး ပြည်သူများ အားလုံးအတွက် အမိုးအကာတဲများ ဆောက်လုပ်ပေးလျက် ရှိသည်။
ကျူဟန်၊ မကာအိုနှင့် ဟောင်ကောင်တို့ကြား ဆက်သွယ်ထားသည့် ဆိပ်ကမ်းများအား ခရီးသည်များ၏ ဝင်ပေါက် ထွက်ပေါက်များ အားလုံးကို ဝန်ဆောင်မှုကို ဆိုင်းငံ့ထားလျက်ရှိသည်။
အနီးအနားရှိ ပြည်နယ်များတွင် စာသင်ကျောင်းများကိုလည်း ပိတ်ထားလျက်ရှိသည်။
ယန်ဂျီဂျောင်မြို့ရှိ တံငါသည်ပေါင်း ၃၃၀ဝ ကျော်အား ကမ်းခြေမှ ထွက်ခွာစေခဲ့ပြီးနောက် လူပေါင်း ၁၄၀ဝ နီးပါးကို အန္တရာယ်ရှိသည့် နေရာများမှ ပြောင်းရွေ့ပေးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်