ပန်းတနော် ၁၉ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကိုယ်လက်လှုပ်ရှား အားကစား (Myanmar Fitness Dance) သင်တန်းကို သြဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ပန်းတနော်မြို့(River View) ပေါ်၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာစေရန်၊ ကိုယ်လက်လှုပ်ရှားအားကစားကို စိတ်ဝင်စားလာစေရန်၊ သွေးလည်ပတ်မှုကောင်းမွန်လာစေရန်နှင့် ကိုယ်ခန္ဓာလန်းဆန်းတက်ကြွစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မာမာလင်းက ပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်(အား/ကာ) ဦးစီးမှူး ဒေါ်မာမာလင်းဦးဆောင်၍ နည်းပြ ဆရာမ (၂)ယောက်က သင်ကြားပေးပြီး သင်တန်းသား သင်တန်းသူ (၂၀) တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)