လွိုင်ကော်   ၁၉   ဩဂုတ်

 

ကယားပြည်နယ် လွိုင်ကော်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(လွိုင်ကော်)၏ ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဌာန အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အစိုးရ နည်းပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(လွိုင်ကော်)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်အေးက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)မှ PD Leader တွဲဖက်ပါမောက္ခ ဆရာဦးရန်လင်းက IBPD Centre များ တည်ထောင်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ HOPD ဆရာမ ဒေါ်ခင်မျိုးအေးက ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက် ရလဒ်များအား အနှစ်ချုပ်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းမှ ကျောင်းအုပ်နှင့် ဌာနမှူးများ၊ နည်းပညာမြှင့်မားရေး သင်တန်းဌာနမှ တွဲဖက်ပါမောက္ခ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အောင်ထွန်းလေး (ပြန်/ဆက်)