မြိုင် ၁၉ ဩဂုတ်
Actionaid Myanmar နှင့် မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ ဖွင့်လှစ်သော သဘာဝမြေဩဇာပြုလုပ်နည်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီ က မြိုင်မြို့နယ် ကျေးရွာဧည့်ဂေဟာ(CBT) ၌ ပြုလုပ်သည်။
စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ခေတ်နှင့်အညီ ပေါ်ပေါက်လာသော ဓာတုဓာတ်မြေဩဇာများအစား ဘေးထွက်ဆိုးကျိုးရောဂါ အန္တရာယ်နည်းသော သဘာဝဓာတ်မြေဩဇာများ ကိုယ်တိုင်ပြုလုပ်၍ သုံးစွဲနိုင်စေရန်၊ အိမ်တွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သော သီးနှံများ နည်းစနစ်တကျ စိုက်ပျိုးတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းကာလမှာ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမျုး ဒေါ်ခင်မိုးဦးနှင့် ဝန်ထမ်းများက ပို့ချသွားမည်ဖြစ်သည်။ သီးနှံဖျက်ပိုးများနှင့် ပိုးသတ်ဆေးများအကြောင်း၊ မျိုးစေ့များအကြောင်း၊ သဘာဝဓာတ်မြေဩဇာပြုလုပ်နည်းများအကြောင်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သော မှိုစိုက်ပျိုးနည်း(စာတွေ့၊ လက်တွေ့)များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာ (၁၀) ရွာမှ သင်တန်းသား (၂၀) တက်ရောက် ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်