မြဝတီ ၁၉ ဩဂုတ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာရှိ သင်္ဃန်းညီနောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းက အေးခဲကြက်သားနှင့် ကလီစာများ စစ်ဆေးတွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ သင်္ဃန်းညီနောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနပေါင်းစုံပါဝင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မြဝတီမြို့မှ ကော့ကရိတ်မြို့ဘက်သို့ မောင်းနှင် လာသောယာဉ်များအနက် Voxy နှင့် Daihatsu ယာဉ်ငယ်နှစ်စီးတွင် တရားမဝင်တင်ဆောင်လာသော အေးခဲကြက်သားနှင့် ကလီစာများကို စစ်ဆေးတွေ့ရှိခဲ့ရာ ဥပဒေနှင့်အညီ အရေးယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ Voxy နှင့် Daihatsu ယာဉ်ငယ်နှစ်စီးတွင် တရားမဝင်တင်ဆောင်လာသော အေးခဲကြက်သားနှင့် ကလီများကိုလည်း သက်ဆိုင်ရာဌာနများက မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)