၁၉ ဩဂုတ်

 

 

အီရန်နိုင်ငံက ရုရှားနိုင်ငံက ထုတ်လုပ်မယ့် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကာကွယ်ဆေးအား မှာယူရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထောက်ခံချက်ကို စောင့်နေကြောင်း အီရန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တိုက်ဖျက်ရေး အဖွဲ့ဝင်က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

 

သမ္မတ ပူတင်က ကမ္ဘာမှာ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်နိုင်တဲ့ ဆေးကို ရုရှားနိုင်ငံက ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးကို လူတွေ အပေါ်မှာ နောက်ဆုံး အနေနဲ့ စမ်းသပ်ပြီးကြောင်း  ဩဂုတ် ၁၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 

 

အရှေ့အလယ်ပိုင်း ဒေသမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် ရုန်းကန်နေရပါတယ်။  အီရန်နိုင်ငံမှာ ဖေဖော်ဝါရီလက ပထမဦးဆုံး ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ဖြစ်ခဲ့ပါတယ်။

 

 

အီရန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တိုက်ဖျက်ရေး အဖွဲ့ဝင် အလီရီဇာ ဇာလီက ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးကို မဝယ်ခင် WHO အပါအဝင် နိုင်ငံတကာက ဆုံးဖြတ်ချက်ကို စောင့်နေကြောင်း၊ ကာကွယ်ဆေးကို သုံးစွဲဖို့ မမှာခင်မှာ WHO လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကနေ ဆေးကို ထောက်ခံပေးဖို့ လိုအပ်ကြောင်း၊ ထောက်ခံချက် ပေးပြီဆိုတာနဲ့ ကာကွယ်ဆေး ရရှိရေးအတွက် ရုရှားနဲ့ ဆေွးနွေးမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

 

 

အီရန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၆၈ ဦးနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂,၃၈၅ ဦး ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁၉,၉၇၂ ဦးနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၄၇,၈၃၅ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြေခွင့်ရသူက ကြောညာလိုက်ပါတယ်။

 

 

အဲဒီကြေညာချက် ထုတ်ပြန်အပြီး အီရန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တိုက်ဖျက်ရေး အဖွဲ့ဝင်က  ရုရှားထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဝယ်ယူရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အတည်ပြုချက်ကို စောင့်နေတာ ဖြစ်ကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

 

MDN

ကိုကား- AFP