နေပြည်တော် ၁၉ ဩဂုတ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့တွင် ကျင်းပမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုခြင်း အခမ်းအနားကို ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပမည်ဖြစ်ရာ ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV) ၊ MITV ၊ MNTV ၊ Channel 9 ၊ Up to Date ၊ One News ၊ မြဝတီ(MWD) ၊ MWD(Variety) ၊ DVB ၊ Mizzima ၊ YTV ၊ Fortune TV၊ မြန်မာ့အသံရေဒီယို ၊ Myanmar State Counsellor Office Facebook ၊ NRPC Facebook ၊ MOI Facebook ၊ MRTV Facebook ၊ Myanmar Digital News Facebook ၊ Skynet DTH Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်