တံတားဦး ၂၀ ဩဂုတ်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားခြံကြီးကုန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည် ဆောက်ခြင်းနှင့် ရေဂါလံ(၅၀ဝ၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသည့် အပြင် ကျေးရွာချင်းဆက် လမ်းများ ၊ ကုန်ထုတ်လမ်းများ ၊ ကျေးရွာတွင်းလမ်းများကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ယခုတူးဖော်ပေးသည့် ရွာသာအေး ကျေးရွာ စက်ရေတွင်းသည် ၄ လက်မတွင်း ၊ ရေဂါလံ(၂၀ဝ၀)ဆံ့ အလျား(၁၀)ပေ အနံ(၈)ပေ ၊အမြင့် (၈)ပေရှိ ရေကန်တွင် ရေစက်ရုံတစ်ရုံမှ ၂လက်မ PVCရေပိုက်အရှည်(၃၀၅၈)ပေ အားသွယ်တန်းခြင်းများ ပါဝင်ပါကြောင်း အဆိုပါလုပ်ငန်းပြီးစီးပါက ရွာသာယာအေးကျေးရွာရှိ ပြည်သူများအနေဖြင့် သောက်သုံရေ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း ကုန်ကျငွေအားဖြင့် ငွေကျပ်သန်းပေါင်း (၁၇.၆၄၄) ဖြစ်ကြောင်း တံတားဦးမြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၆)ရွာ ဆောင်ရွက်မည်ဖြစ်ကြောင်း စက်ရေတွင်းတူးဖော်ပြီးစီးမှုနှင့် ပတ်သက်ပြီး ကျေးရွာရေပေးဝေရေး ကော်မတီများနှင့် တွေ့ဆုံကာ ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျလုပ်ငန်းလည်ပတ်ရေး ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)