ချီဖွေ ၂၀ သြဂုတ်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ဝင့်ဝါအောင် ဦးဆောင်သော အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီတွင် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက် ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

“ပြည်သူ့စာကြည့်တိုက်တွင် လာရောက်၍ စာအုပ်၊ စာပေဖတ်ရှုလေ့လာနေသည့် စာဖတ်ပရိသတ်များ စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် မိမိတို့အသင်းအဖွဲ့မှ စာအုပ်/စာစောင်နှင့် အလှူငွေများ တစ်ဖက်တစ်လမ်းမှ လှူဒါန်းခြင်းဖြစ်ပါကြောင်း” မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်က ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က စာအုပ်/စာစောင်နှင့် အလှူငွေများ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မိခင်နှင့်ကလေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များသည် ချီဖွေမြို့ပေါ်ဘာလဲ့ဒမ်ရပ်ကွက် ကိုယ်ဝန်ဆောင်မိခင်အား အာဟာရဓာတ်ဖြည့်အစာ ကြက်ဥနှင့် အိုဗာတင်းများ သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

နန်းမြင့်(မြို့နယ် ပြန်/ဆက်)