မကွေး ၂၀ သြဂုတ်
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် INGO အဖွဲ့တစ်ခုဖြစ်သည့် GRET Myanmar အဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ဝ ခန့်အကုန်ကျခံကာ ဂါလန် ၁၆၀ဝ၀ ဆံ့ သောက်သုံးရေစင်တစ်ခု တည်ဆောက်လှူဒါန်း ပေးခဲ့ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
"GRET မြန်မာအဖွဲ့ကနေ မကွေးမြို့မှာ ရေဂါလန်၁၆၀ဝ၀ ဆံ့ သောက်သုံးရေဖြန့်ပေးနိုင်တဲ့ ရေစင်အမြင့် လှူဒါန်းပေးတဲ့အပြင် စွန့်ပစ်အမှိုက်ကနေ မြေသြဇာထုတ်လုပ်မယ့် စက်ရုံတစ်ခုလည်း တည်ဆောက် ပေးနေပါတယ်” ဟု မကွေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။
မကွေးမြို့မှာ ယခင်ကဆိုရင် သောက်သုံးရေကို ၂ ရက်ခြား ၃ ရက်ခြားဖြန့်ဖြူးပေးရာကနေ အဲဒီရေစင်ကြီး တည်ဆောက်ပေးလိုက်တဲ့ အတွက် ၂၄ နာရီ ဖြန့်ဝေနိုင်မယ့်အပြင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးမှာဖြစ်တယ်လို့ ၎င်းကဆိုသည်။
မကွေးမြို့တွင် သောက်သုံးရေ ဖြန့်ဖြူးရေးဇုန်(၆)ခုလောက်ရှိပြီး ယခုရေစင်ကို ဇုန်(၄)ထဲမှာ စံပြဇုန်အဖြစ် တည်ဆောက်ပေးထားကာ ယခင်ဖြန့်ဖြူးပေးသည့် အရေအတွက်ထက် အိမ်ခြေ ၁၀ဝ၀ ခန့် ပိုမိုဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရသည်။
သန်းနိုင်ဦး(ငဖဲ)