ညောင်တုန်း ၂၀ ဩဂုတ်             

           

ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူများ လက်ဝယ်ပိုင်ဆိုင်အသုံးပြုလျက်ရှိသော လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်စေရန်နှင့် နေ့စဉ် အပတ်စဉ် နာရီအလိုက် ထိန်းသိမ်းရမည့်လုပ်ငန်းစဉ်များ သိရှိနားလည်စေရန်ရည်ရွယ်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၂) စက်မှု့လယ်ယာစခန်းမှ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ပေါက်ကျိုင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

           

အဆိုပါ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်ချက်များအညီ တောင်သူ သင်တန်းသား ၃၀ ဦးတို့အား ဩဂုတ်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ၁၂ ရက်အကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

မြို့နယ် (ပြန်/ဆက်)