ကျွန်းစု ၂၀ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ ရောင်းချမှုမရှိပါက ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ မကိုက်ညီဘဲ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် ပထမအကြိမ် ဝန်ခံကတိရေးထိုးခြင်း၊ ဒုတိယအကြိမ်ဖောက်ဖျက်ကျူးလွန်ပါက ဆိုင်(၃)ရက် ပိတ်ခိုင်းခြင်း၊ တတိယအကြိမ် ဖောက်ဖျက်ကျူးလွန်ပါက စည်ပင်သာယာရေးအဖွဲ့မှ ချပေးထားသော လုပ်ငန်းလိုင်စင်အား ပြန်လည်ရုပ်သိမ်းခြင်းတို့ဖြင့် ကိုဗစ်ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကျွန်းစုမြို့ပေါ် ရပ်ကွက်များတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၂၃)ဆိုင်ရှိပြီး ၎င်းတို့ကို ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အလားတူး စစ်ဆေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)