ဘောလခဲ ၂၀ သြဂုတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာနှင့် ရေနီပေါက်ကျေးရွာတွင် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေး မိုးနှမ်းစံပြကွက်ကွင်းပြပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မိုင်ထမ်းကျေးရွာစိုက်ကွင်းနှင့် ရေနီပေါက် ကျေးရွာ စိုက်ကွင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ဘောလခဲခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး လက်ထောက်ဦးစီးမှူး ဒေါ်သက်ယုမော်နှင့် ဒုတိယဦးစီးမှူး ဦးအေးလှိုင်တို့က စိုက်ပျိုးရေး နည်းပညာပိုင်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဘောလခဲမြို့နယ်အတွင်းရှိ မိုင်းထမ်းကျေးရွာ၊ ရေနီပေါက်ကျေးရွာ၊ ဝမ်ချယ်ကျေးရွာ၊ နန်းနောက်ကျေးရွာ၊ ချိကွဲ့ကျေးရွာနှင့် စောင်းလော့ကျေးရွာမှ တောင်သူဦးကြီး စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
လှရွှေ