ဂန့်ဂေါ ၂၀ သြဂုတ်
သနပ်ခါးကို အခြေခံထုတ်လုပ်သည့် အလှကုန်များ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ၊မရှိ ကို ဂန့်ဂေါမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် မြန်မာ့သနပ်ခါးကို အခြေခံ၍ အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သည့် BODY LOTION , SNOW , သနပ်ခါး၊ မျက်နှာသစ် စသည့် အလှကုန်များ တွင် သုံးစွဲသူပြည်သူများ ထိခိုက်မှု မရှိစေရန် ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှုရှိမရှိကို ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်စိုးယုဆွေတို့ ပူးပေါင်းစစ်ဆေးကြပြီး NECTLE မှ ထုတ်လုပ်သည့် ကလေးဖြည့်စွက် အဟာရနို့မှုန့်များတွင် FDA TRADE MARK ပါ၊ မပါ ကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်အေး (ပြန်ဆက်)