ရွှေပြည်သာ  ၂၀  ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ (ဒုတိယအကြိမ်) မြေယာ လျော်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်

 

အခမ်းအနားတွင် မြေယာလျော်ကြေးအဖြစ် တဧကလျှင် ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ၁၉၅ ဒသမ ၆၅ ဧကအတွက် တောင်သူ ၁၅ ဦးအား ကျပ်သိန်း ၁၉၅၆၅ သိန်းအား ပေးအပ်ခဲ့သည်။ အခမ်းနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်းမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)