ပုသိမ်  ၂၀  ဩဂုတ်


ကျေးလက်နေပြည်သူများ သဘာဝရေပြင်များနှင့် လယ်ကွင်းများအတွင်း ငါးများဖမ်းဆီးစားသုံး နိုင်ရေးနှင့်ငါးများမွေးမြူခြင်းဖြင့် ငါးများကို ပိုမိုစားသုံးနိုင်မည့်အပြင် မိသားစုများ အပိုဝင်ငွေရရှိ နိုင်စေရန်ရည်ရွယ်၍  ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ပေါက်ကုန်းကျေးရွာ စပါးခင်းဧရိယာ ၂၅၃ ဧကတွင် ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၈၆၅၀၀ နှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၃၁၀၀၀ စုစုပေါင်း ကောင်ရေ ၁၁၇၅၀၀ အား ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ပုသိမ်ခရိုင်ဦးစီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးသိန်း၊ စခန်းတာဝန်ခံ ဦးမျိုးနိုင်ဦးနှင့် ဝန်ထမ်းများနှင့် တောင်သူလယ်သမား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


MDN