မင်းတပ်  ၂၀ ဩဂုတ်

 

မင်းတပ်ခရိုင်အတွင်း COVID 19 Economic Relief Plan ပါ Action Plan အရ ငါးမွေးမြူ ရေးလုပ်ငန်းပြန်လည်ဦးမော့လာစေရေးအတွက်(မင်းတပ်မြို့နယ်၊ မတူပီ မြို့နယ်၊ ကန်ပလက် မြို့နယ်၊ ပလက်ဝမြို့နယ်)ရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားအား မင်းတပ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ရာ မင်းတပ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိများ၊ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ငါးမွေးတောင်သူ(၃၅)ဦး၊ ငါးမွေးကန်ဧက (၂၁.၇၀)အတွက် ခိုင်ကမ်းငါး လုပ်ငန်းစခန်းမှ ငါးခုံးမကြီး သားပေါက်ကောင်ရေ ၃၀၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

MDN