ဝိုင်းမော် ၂၀ ဩဂုတ်
ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဩဂုတ် ၁၉ ရက်နေ့တွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာရှိ စပါးခင်းများအတွင်းသို့ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ အားမျိုးစိုက်ထည့်ခဲ့ခြင်း အခမ်းအနားကို အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဦးစီးဌာနမှူး ဦးဝင်မြင့်စော၊ ခရိုင်ဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းဟန်၊ မြို့နယ်ဦးစီးဌာနမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စခန်းတာဝန်ခံ ဦးအောင်နိုင်ဦး၊ စပါးစိုက်တောင်သူများနှင့် ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
MDN