၂၀ ဩဂုတ်

 

ကမ္ဘာတစ်ဝန်းမှာ ဂျီမေးလ် နဲ့ Drive အပါအဝင် ဂူဂယ်ရဲ့ ဝန်ဆောင်မှုတွေ သုံးစွဲနေသူတွေအတွက် ဒီနေ့(ကြာသပတေးနေ့)မှာ အဆင်မပြေမှုတွေ ဖြစ်နေတာကို ဂူဂယ်အနေနဲ့ သိရှိကြောင်း ကြေညာလိုက်ပါတယ်။

 

ဂူဂယ်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနေနဲ့ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတွေ အပါအဝင် နိုင်ငံတော်တော်များများမှာ အသုံးပြုရတာအဆင်မပြေကြောင်း ပြစ်တင်မှုတွေ ကြားသိကြောင်း ပြောပါတယ်။

 

ဩစတြေးလျ နိုင်ငံမှာ ဂူဂယ်သုံးစွဲသူတစ်ဦးက  ဩစတြေးလျမှာ ဂျီမေးလ်သုံးစွဲမှု အဆင်ပြေလား ဆိုတာကို တွစ်တာမှာရေးသားသလို အမေရိကန်နိုင်ငံ ဘရွတ်ကလင်း၊ နယူးယောက်မှာ သုံးစွဲသူတစ်ယောက်လည်း အလားတူ ပို့စ်မျိုး တွစ်တာမှာရေးသား လိုက်ပါတယ်။

 

ပြင်သစ်၊ ဂျပန်၊ ပေါ်တူဂီနဲ့ ဂျာမနီနိုင်ငံတွေမှ ဂျီမေးလ်သုံးစွဲသူတွေကလည်း  အခက်အခဲနဲ့ ရင်ဆိုင်ရကြောင်း တွစ်တာပေါ်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

 

ဂူဂယ်အနေနဲ့ အခုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ပြန်လည် တင်ပြသွားမယ်လို့ ပြောပါတယ်။

 

MDN

ကိုးကား - AFP