ညောင်တုန်း ၂၀ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီများအား ခရိုင်အလိုက် ရန်ကုန်မြို့မှ သယ်ယူလျှက်ရှိရာ မအူပင်ခရိုင်အတွက် အရန်ရိက္ခာ စားအုန်းဆီ ၂၂၂ ဒသမ ၅ တန်ကို ညောင်တုန်းမြို့နယ်သို့ ရောက်ရှိရာ ခရိုင်၊ မြို့နယ် သယ်ယူ၊ သိုလှောင်ထိန်းသိမ်းရေးအဖွဲ့များမှ ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားခန်းမ၌ စနစ်တကျ စစ်ဆေးလက်ခံပေးခဲ့သည်။
အဆိုပါ ရောက်ရှိလာသော အရန်ရိက္ခာ စားအုန်းဆီများအား ခရိုင် သယ်ယူ၊ သိုလှောင်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ် သယ်ယူ၊ သိုလှောင်ထိန်းသိမ်းမည့်အဖွဲ့တို့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးသန်းကျော်တို့က စနစ်တကျသိုလှောင်ထားရှိရန် ဆောင်ရွက်ပေးခဲ့ပြီး အရေးပေါ်ကာလ အခြေအနေများ တွင် မအူပင်ခရိုင်အတွင်းရှိ ပြည်သူများအား အရန်ရိက္ခာ ပြတ်လတ်မှုမရှိစေရန် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)