ဟားခါး  ၂၀   သြဂုတ်

ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး အထောက်အကူပြုစေရန် ရည်ရွယ်လျက် အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းကို သြဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ ချင်းပြည်နယ် ငါးသားဖေါက်စခန်း (ရမ်ထလို )၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ ပြည်နယ်အတွင်းမှ ငါးမွေးတောင်သူ ၄၆ ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့မွေးမြူထားရှိ သော တစ်ပိုင်တစ်နိုင် ငါးမွေးကန်များ၊ မြစိမ်းရောင်စီမံကိန်းဖြင့် မွေးမြူထားရှိသော တောင်သူများ၏ ငါးမွေးကန်များတွင် အရွယ်ရောက်သည့် ငါးသားပေါက်များ စိုက်ထည့်နိုင်ရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်မှု ရရှိစေရေးတို့အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ငါးမွေးကန်များ လိုင်စင်ပြုလုပ်ခြင်းနှင့် ငါးမွေးကန်များသန့်ရှင်းရေး စသည်တို့ကို ငါးသားဖောက်စခန်း (ရမ်ထလို) မှ စခန်းတာဝန်ခံ ဦးစိုးပိုင်သူနှင့် ဝန်ထမ်းများက စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြပြီး ယနေ့ နံနက် ၁၁ နာရီက ချင်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး တက်ရောက် လာကြသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)