ကျိုက်ထို ၂၀ ဩဂုတ်
ကျိုက်ထိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Covid-19 ရောဂါကာကွယ်ရေးနှင့် မြေမြှုပ်မိုင်း အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၉ ရက်နေ့လယ် ၁ နာရီတွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ်(၁)ရပ်ကွက် ရှိ လောကဝိဒူ စစ်ကိုင်း ကျောင်းတိုက်၌ ဖွင့်လှစ်ထားသော (CBFQ) စခန်းတွင်ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆောင်ရွက်ရာတွင်ကျိုက်ထိုမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးသူရအောင်က Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ လည်းကောင်း၊ သိမ်ဇရပ်မြို့ ကြက်ခြေနီသူနာပြုတပ်ခွဲမှ တပ်ဖွဲ့ခွဲမှူး ဦးထွန်းကိုကို က စစ်လက်ကျန် မြေမြှုပ်မိုင်း အန္တရာယ်နှင့် ပတ်သက်၍လည်းကောင်း၊ တပ်စုမှူး ဦးအောင်နိုင်စိုးက Covid-19 ကာလတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်နေမှုများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)