ရေနံချောင်း ၂၀ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြိုနယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက လမ်းကူးကျေးရွာနှင့် မိန်းမလှကျွန်းကျေးရွာတို့မှ ရေဘေးရှောင် ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းဦး တို့က လမ်းကူးကျေးရွာမှ ရေဘေးရှောင်ကျွဲ၊ နွား အကောင် ၁၂၀ နှင့် မိန်းမလှကျွန်းကျေးရွာမှ ရေဘေးရှောင် ကျွဲ၊ နွား ၈၅ ကောင်တို့အတွက် တိရစ္ဆာန်အစာနုအိတ်(50 kg) ၁၅ အိတ်နှင့် (25 kg) ၁၀ အိတ်တို့ကို ရေဘေးရှောင်ပြည်သူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး