မြဝတီ ၂၀ ဩဂုတ်
ကရင်ပြည်နယ် မြဝတီမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ် နိုင်ရေးနှင့် ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်လျက်ရှိသည်။
အဆိုပါမြေစိုက်ဘုတ်တွင် စီးကရက်မှာ အန္တရာယ်ဖြစ်နိုင်သည့် ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ၆၀ ကျော်က ကင်ဆာဖြစ်နိုင်ကြောင်း၊ စီးကရက်များများသောက်သည့်သူများ၊ နှစ်ရှည်လများသောက်သည့် သူများတွင် သေစေနိုင်သည့်ကင်ဆာများဖြစ်ခြင်း၊ အဆုတ်လေအိတ်ပျက်စီးနိုင်သည့်ရောဂါ၊ နမိုးနီးယား၊ နှလုံးသွေးကြောပိတ်သည့်ရောဂါ၊ ဆီးချို စသည့်ရောဂါများ ပိုမိုဖြစ်နိုင်ကြောင်းနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး များနှင့်ပတ်သက်သည့် အသိပညာပေးဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


