မောင်တော ၂၀ ဩဂုတ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အများပြည်သူသိရှိလိုက်နာရမည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခြင်းကို ဩဂုတ် ၂၀ ရက်က မြို့ပေါ် ရပ်ကွက်များတွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ မြို့ ပေါ်ရပ်ကွက်များအတွင်း လိုက်လံကြေညာခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


