၂၁ ဩဂုတ်

 

 

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၅၃၂၃ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၅၀၁၉၇၅ ဦး ရှိလာသည်ဟု ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ပြီးခဲ့သည့် တစ်ရက်အတွင်း ရောဂါကူးစက် ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၂၀၄ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၁၂၃၀၄ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှင့် သေဆုံးမှု  ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။

 

 

ဆော်ပိုလိုပြည်နယ်သည် ဘရာဇီးနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၇၉၀၅ ဦး ရှိသည်။

 

 

ရီယိုဒီဂျနေးရိုး ပြည်နယ်တွင် ထိုရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ၁၅၀၇၄ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို