လှိုင်းဘွဲ    ၂၁     ဩဂုတ်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီး အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာများကို သိရှိနိုင်စေရန်၊ ရှောင်ကြည်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များ ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ အသိပညာပေးစာစောင်တွင် ဆေးလိပ်သောက်ခြင်းဖြင့် ခံတွင်းကင်ဆာဖြစ်ခြင်း၊ ကင်ဆာရောဂါ အကြောင်း သိကောင်းစရာများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကို ရှောင်ကြည်ပါ၊ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြသနာများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေး ကွန်ဗန်ရှင်း (WHO FCTC) ပုဒ်မ၊ ဉပဒေနှင့်ပြဌာန်းချက်များ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီး သုံးစွဲခြင်းတို့၏ အန္တရာယ်များစသည့် အသိပညာပေး စာစောင်များကို ပြည်သူများ သိရှိနိုင်စေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)