၂၁ ဩဂုတ်
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၁၆၆၇၀ ဦးအထိ မြင့်တက်လာကြောင်း သတင်းထုတ်ပြန်ထားသည်။
မတ်လ ၈ ရက်နေ့ ကတည်းက ငါးလအတွင်း ပထမဆုံး အကြိမ်အဖြစ် နေ့စဉ်ကူးစက်မှုမှာ ၃၀ဝ အထိ မြင့်တက်ကာ ရှစ်ရက်ဆက်တိုက် နေ့စဉ်ကူးစက်မှုမှာ ကိန်းဂဏန်း သုံးလုံးအထိ ထိုးတက်လာခဲ့သည်။
ရောဂါကူးစက်မှုများကြောင့် ဆိုးလ်မြို့တွင် ပြီးခဲ့သည့် ရှစ်ရက်အတွင်း ကူးစက်ခံရသူ ၁၉၀ဝ အထိ ရှိလာကြောင်း အတည်ပြုထားသည်။
ထပ်မံကူးစက်ခံရသူများအနက် ၁၂၅ ဦးမှာ ဆိုးလ်မြို့တော်တွင် နေထိုင်သူများဖြစ်ပြီး ၁၀၂ ဦးမှာ ဂျီအွန်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်။ ကိုးဦးမှာ ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ကာ စုစုပေါင်း ၂၆၉၇ ဦး အထိ ရှိလာသည်။
ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိကြောင်း အတည်ပြု ပြောကြားထားပြီး သေဆုံးသူပေါင်း ၃၀၉ ဦး ရှိသည်။ စုစုပေါင်း သေဆုံးမှုနှုန်း ၁ ဒသမ ၈၅ ရာခိုင်နှုန်း ရှိသည်။
ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၅၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၁၄၁၂၀ ဦး ရှိသည်။ ၎င်းတို့အားလုံး ကျန်းမာရေး ကောင်းမွန်လာသဖြင့် သီးသန့်ခွဲခြား ကန့်သတ်ထားရာ နေရာမှ ဆင်းခွင့်ရရှိခဲ့သည်။
စုစုပေါင်း ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၈၄ ဒသမ ၇၁ ရာခိုင်နှုန်း ရှိသည်။
ဇန်နဝါရီ ၃ ရက်နေ့ ကတည်းက နိုင်ငံအတွင်းရှိ လူပေါင်း ၁ ဒသမ ၇၅ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၃၈၀၄၅ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို