ဖျာပုံ   ၂၁  ဩဂုတ်


ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ချောင်းဖျားကျေးရွာ ဦးထွန်းမြင့်အောင်၏ လယ်ကွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူ များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စာရင်းရုံး၊ လမ်းဦးစီး၊ မြို့နယ် ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံ လယ်သမားများ တက်ရောက်ကြပြီး လယ်ဧက ၂၅၀ အတွင်း ငါးခုံးမကြီးသားပေါက် ကောင်ရေ ၁၂၅၀၀၀ ကို စိုက်ထည့်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်