မိုးမောက်  ၂၂   သြဂုတ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား တိုင်းရင်းဆေးဝါး ကြီးကြပ်ကော်မတီအဖွဲ့မှ သြဂုတ် ၂၂ ရက်နေ့ နံနက် ၉ နာရီမှ  ၁၀ နာရီခွဲအချိန်အထိ စျေးတွင်း၊ စျေးပြင်ရှိ ဆေးအရောင်းဆိုင်  ၆ ဆိုင်တွင် တားမြစ်ဆေး တိုင်းရင်းဆေးဝါး ၆ မျိုးအား ရောင်းချခြင်းရှိ/မရှိကို မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု−ဦးစီးမှူး ဦးမင်းမင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်ဝန်ထမ်းများမှ ကွင်းဆင်း စစ်ဆေးရာ တားမြစ်ဆေးဝါးများ ရောင်းချခြင်း မတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

လွန်းနန်းထွေး