ရေကြည် ၂၂ သြဂုတ်
ဧရာတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ချောင်းဖျားကျေးရွာအုပ်စု ပန်းချောင်းကျေးရွာရှိ ရိုးကူးတံတားသည် ယမန်နေ့ ညနေ ၅ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းကာ ရေတိုက်စားပြီး တံတားအုတ်တိုင်များပြိုကျ ပျက်စီးသွားကြောင်း သိရသည်။
ရေတိုက်စားမှုကြောင့် အုတ်တိုင်များပြိုကျ ပျက်စီးသည့် တံတားမှာ အလျား ပေ ၂၀ အနံ ၁၀ ပေ ရှိပြီး သစ်သားလျှောက်လမ်းသွပ်မိုးထားပြီး ကျေးရွာသူကျေးရွာသားတွေ စုပေါင်းဆောက်လုပ်ထားတဲ့ တံတားဖြစ်တယ် တံတားက ဆောက်လုပ်ထားတာ (၁၁)နှစ်ကျော်လောက်ရှိပြီ ဒီနှစ်မှာဘက်ဟိုးနဲ့ မြောင်းဟောင်တွေကို ရေစီးရေလာကောင်းမွန်ဖို့ တူးဖော်ဆောင်ရွက်ထားတာတော့ရှိတယ် အခုရက်မှာ မုန်တိုင်းအရှိန်နဲ့ မိုးကဆက်တိုက်ပြီး တအားရွာတော့ ရေတိုက်စားပြီး အုတ်တိုင်တွေပြိုကျ ပျက်စီးသွားတာ ဖြစ်တယ်လို့ကျေးရွာနေ ရပ်မိရပ်ဖ ဦးလှရှိန် ဦးအောင်မျိုးဦး၊ ဦးဇော်လင်းအောင်နှင့် ဦးဆန်းဝင်းတို့က ပြောပြသည်။
ချောင်းဖျားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ကြည် ကိုမေးမြန်းကြည့်ရာ ဆပ်ဖြူကျေးရွာရှိ ဆပ်ဖြူအတွင်း ရိုးကူးတံတားက ဖက်သလက်ကျေးရွာအုပ်စုနှင့် ဆက်သွယ်ရေးတံတားဖြစ်တယ် ဇူလိုင်လ ၁၈ ရက် ၂၀၂၀ ခုရက်နေ့မှာ တံတာက ရေတိုက်စားပြီး ရိုင်သွားခဲ့လို့ သစ်သား လျှောက်လမ်းတွေ အမိုးတွေကိုခွာပြီး ကျေးရွာသူ ကျေးရွာသားတွေနှင့် ပူးပေါင်းကာ လိုအပ်သလို ဆောင်ရွက်ကြတယ် တံတားအုတ်တိုင်တွေကို အောက်ကနေသစ်သားတိုင်တွေနဲ့ ဒေါက်တွေကန်ထားပြီး ဝါးကြမ်းခင်း ပြန်ခင်းကြတယ် အခုတံတားက မုန်တိုင်းအရှိန်နဲ့ မိုးကတစ်အားရွာပြီး ရိုးကမ်းပါးရေတိုက်စားကာ တံတားအုတ်တိုင်တွေလည်းသွားတာ ဖြစ်တယ် ပန်းချောင်းကျေးရွာမှာက အိမ်ခြေ ၇၀ ကျော်ရှိပြီး တောင်သူဦးကြီး အများစု၏ ရာသီပေါ်ချိန် စပါးနှင့်ပဲများ ခြံစိုက်တောင်သူများ၏ ခြံထွက်ပစ္စည်းများ သွင်းကုန်ထွက်ကုန်များ တင်ပို့ရာတွင် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်းနှင့် ယခုလောလောဆယ် ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ သွားလာအဆင်ပြေရေး ဝါးတိုင်များနှင့် ဝါးတံတားထိုးထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ဆန်းတင့် (ရေကြည်)