ကျောက်တံခါး   ၂၂  သြဂုတ်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့၊ က​မ္ဘောဇရပ်ကွက်တွင် သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ခြောက်ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိကာ ဆိုင်ဆယ်ပေါ်စီးလာသူ အမျိုးသားနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ ကမ္ဘောဇရပ်ကွက်၊ ရန်ကုန်-မန္တလေး (ကားလမ်းဟောင်း) မိုင်တိုင်အမှတ် ၁၁၁/၀ နှင့် ၁၁၁/၁ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ်ရန်နိုင်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ဖြိုးသူရဟိန်း(ခ)ဝကြီး မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ရန်နိုင်အောင်(၂၅)နှစ်၊ အကာကျော်(၂၇)နှစ်၊ သန့်ဇင်(ခ)ညောင်ညောင်(၂၀)နှစ်၊ ကျော်မျိုးထွန်း(၂၂)နှစ် ူတို့ လိုက်ပါလာသော ခြောက်ဘီး အဖြူရောင်ယာဉ်သည် တဖက်ယာဉ်ကြောသို့ ဖြတ်ကူးစဉ် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဇွဲကိုကို(ခ)ကိုဇူး မောင်းနှင်ပြီး ဆိုင်ကယ် နောက်တွင် အမည် စုံစမ်းဆဲ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှလိုက်ပါစီးနင်းလာသူတို့(၂)ဦးလုံးသည် အခင်းဖြစ်နေရာတွင် ရရှိခဲ့သောဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိုက်မှုဖြစ်စဉ်တွင်  ယာဉ်ပေါ်လိုက်ပါလာသူတို့သည် ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိခဲ့ကြောင်း သိရပြီးယာဉ်အား လူသေဆုံးသည်အထိ မောင်းနှင်သူ ဖြိုးသူရဟိန်း(ခ)ဝကြီး အား တောကျွဲအင်း နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)