စေတုတ္တရာ  ၂၂   ဩဂုတ်  

             

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင် မိသားစုများအား ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးတို့က အမှတ်(၂)ရပ်ကွက်၊ ခိုဝင်ကျေးရွာ၊ ဖအိုင်းအနောက်ကျေးရွာ၊ ဆင်ခြေပို ကျေးရွာ၊ ခွေးမလောင်ကျေးရွာနှင့် အောက်ဝေါကျေးရွာတို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၅ သောင်းခွဲစီဖြင့် စုစုပေါင်းတိုက်ပွဲရှောင် အိမ်ထောင်စု (၂၈)စုအား စုစုပေါင်း ထောက်ပံ့ငွေ ၁၅ သိန်း ၄ သောင်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)