ခင်ဦး ၂၃ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ်တွင် နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးယူလာသူနှစ်ဦး ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ခင်ဦးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်လင်းဖြိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ဩဂုတ် ၂၂ ရက် နံနက် ၁ နာရီခန့်က ကန့်ဘလူမြို့နယ်ဘက်မှ ခင်ဦးမြို့နယ်ဘက်သို့ နံပါတ်မပါ မီးမပါဘဲ KENBO-125 အနက်ရောင်ဆိုင်ကယ် မောင်းနှင်လာသူနှစ်ဦးအား မသင်္ကာသဖြင့် ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနီး၌ ရပ်တန့်စစ်ဆေးရာ မင်းမင်း (၂၄)နှစ် ကျွန်းလှခုံကျေးရွာ၊ ကောလင်းမြို့နယ်နေသူနှင့် ထက်ကိုအောင် (၃၅)နှစ် ပန်းညိုကျေးရွာ၊ နတ်မောက်မြို့နယ်နေသူတို့ဖြစ်ပြီး ၎င်းတို့စီးလာသော ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်း (၂၄)နှစ်နှင့် ထက်ကိုအောင် (၃၅)နှစ်တို့ နှစ်ဦးအား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)