သံတောင် ၂၃ သြဂုတ်

 

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ် လူမှုရေး၀န်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက သံတောင်မြို့ ပသိခန်းမတွင်ကျင်းပပြုလုပ်သည့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ၊ CERP အစီအစဉ်အရ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး MCCT အစီအစဥ်အရ ကိုယ်ဝန်ဆောင်မိခင် ၂၁၂၈ ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် ၆၃၉၈ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၃၈၃၄၄၅၀၀၀ ကိုလည်းကောင်း၊ CERP အစီအစဉ်အရ မသန်စွမ်းသူတစ်ဦးလျှင် ၃၀၀၀၀ ကျပ်ဖြင့် ၃၉၀ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၁၇၀၀၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)