ရန်ကုန် ၂၃ သြဂုတ်
ကျန်းမာရေး စောင့်ရှောက်မှုအတွက် လာရောက်ပြသသည့် လူနာများအတွက် အထူးအခွင့်အရေးများ ရရှိနိုင်မည့် မာသာထရီဆာ အထွေထွေရောဂါကု ဆေးခန်းကို သြဂုတ် ၃၁ ရက်နေ့ တွင် တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၂ ရပ်ကွက် မာဃလမ်းနှင့် မေခလာလမ်းထောင့်တွင် ၂၄ နာရီ ဖွင့်လှစ်၍ ဆေးကုသမှုပေးမည်ဖြစ်ကြောင်း သိရသည်။
နာတာရှည် ရောဂါသည်များအတွက် Member ဝင်ရောက်ထားပါက ဆေးကုသမှု ကုန်ကျစရိတ်ငွေ ၃၀ ရာခိုင်နှုန်း သက်သာခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ဆရာဝန်သို့မဟုတ် သမားတော်များနှင့်ပြသမှုအတွက် ၁၀ ရာခိုင်နှုန်း သက်သာခွင့်ရရှိပြီး လိုအပ်သည့်ဆေးဝါး ဝယ်ယူမှုကို အခမဲ့ရရှိမည်ဖြစ်သည်။ လူနာများမှ ၅ ကြိမ်မြောက် ဆေးကုသမှုခံယူပြီး ၆ ကြိမ်မြောက်တွင် အခမဲ့ ဆေးကုသမှု ရရှိမည်ဖြစ်သည်။ ၆ ကြိမ်မြောက်တွင် လူနာ သို့မဟုတ်မိသားစုဝင် တစ်ဦးဦးကို အခမဲ့ကုသပေးမည်ဖြစ်သည်။ အဆိုပါ သက်သာခွင့်ရရှိမည့် Member များကို အဆင့် ၃ ဆင့် ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
လာရောက်ပြသသည့် လူနာများအတွက် ဆေးဝါးများကို မိမိစိတ်ကြိုက်ပြင်ပတွင် ဝယ်ယူမည်ဆိုပါက ဝယ်ယူနိုင်သည်။ ပြင်ပမှ ဆေးဝါးများ ဝယ်ယူလိုပါက ဖုန်း - ၀၉၆၆၉၉၉၉၂၁၄ သို့ ဆက်သွယ်ပြီး သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် ( တောင်ပိုင်း )၊ နှင့်ရန်ကင်းမြို့နယ်များသို့ အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်သည်။ အခြားမြို့နယ်များမှ မှာယူပါက ပို့ဆောင်ခ ကျပ်နှစ်ထောင် ပေးရမည်ဖြစ်သည်။
လူနာ၏ ကျန်းမာရေးအခြေအနေအရ ဆေးခန်းသို့ မလာရောက်နိုင်ပါက ဗီဒီယို Call ခေါ်ဆို၍ လူနာအခြေအနေကို ကြည့်ရှုပြီး လိုအပ်သည့် ကုသရေးပစ္စည်းများနှင့် အထူးကုသရေးအဖွဲ့မှ အိမ်အရောက်ကုသမည်ဖြစ်သည်။
အထူးကု ဆေးခန်းတွင် အထွေထွေရောဂါ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ ကလေး၊ အရေပြား၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးနှောက်အာရုံကြော၊ ဆီးနှင့်ကျောက်ကပ်၊ အရက် မူးယစ်ဆေးဖြတ်နှင့် စိတ်ကျန်းမာရေး၊ နားနှာခေါင်းလည်ချောင်း၊ အဆုတ်တီဘီ ရင်ခေါင်းအတွင်း ရောဂါအထူးကု ဆရာဝန်ကြီးများနှင့် ဓါတ်မှန်အထူးကုဆရာဝန်ကြီးတို့မှ ကုသမှုပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရ


