စစ်ကိုင်း ၂၃ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ချောင်းဖျားကျေးရွာ လယ်သမား ဦးထွန်းမြင့်အောင်၏ လယ်ကွင်းတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စာရင်းရုံး၊ လမ်းဦးစီး၊ မြို့နယ်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာန၊ တိုင်းရင်းဆေး ဦးစီးဌာနဆိုင်ရာများနှင့် ဒေသခံလယ်သမားများ တက်ရောက်ကြပြီး လယ်ဧက ၂၅၀ အတွင်း ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၂၅၀၀၀ အား မျိုးစိုက်ထည့်ခဲ့ပါကြောင်း သိရသည်။
MDN


