mdn

၂၄ သြဂုတ်

 

၂၀၁၉ - ၂၀၂၀ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအဖြစ် ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ တနင်္လာနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘိုင်ယန်မြူးနစ်အသင်းက ပီအက်စ်ဂျီအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးရရှိခဲ့သည်။

 

ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ကိုးမန်းက သွင်းယူခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် အဓိကဖလား သုံးလုံးဖြစ်သည့် ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

 ဥရောပဘောလုံးလောကတွင် ဖလား(၃)လုံးအောင်မြင်မှုကို (၂)ကြိမ်ရယူနိုင်သည့်အသင်းမှာ ယခင်က ဘာစီလိုနာတစ်သင်းတည်းသာ ရှိခဲ့ပြီး ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းက အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

MDN