၂၄ ဩဂုတ်

 

 

တူရကီနိုင်ငံ ပင်လယ်နက် ဒေသရှိ ကမ်းရိုးတန်း တစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဖြစ်ပွားသည့် ရေကြီးမှုများအတွင်း ခြောက်ဉီး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်သားများ အပါအဝင် ၁၁ ဉီး ပျောက်ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဩဂုတ် ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

 

 

ဂီရီဆန်ပြည်နယ် ကီလိုမီတာ ၂၀ ပတ်ဝန်းကျင် အကွာရှိ တောင်ပေါ်မြို့ဖြစ်သည့်  ဒီရီလီမြို့ဝန်းကျင်၌ တောင်တန်း၏ အဓိက လမ်းမကြီးပေါ်တွင် ရေကြီးမှုကြောင့် ယာဉ်များမှာ  ရေစီးနှင့်အတူ  မျှောပါသွားခဲ့သည်။

 

 

တစ်နေ့ထဲတွင် မိုးရေချိန် ငါးလက်မကျော် ရွာသွန်းမှုကြောင့် တံတားများ၊ လမ်းများနှင့် အဆောက်အဉီများမှာ ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီး ဘာကီ ပက်ဒီမီရာလီက ပြောကြားခဲ့သည်။

 

 

ရေကြီးသည့် နေရာများမှ လူ ၁၅၃ ဦးကို ရေထဲမှ  ကယ်ဆယ်ခဲ့ရပြီး အဆိုပါ ဒေသမှ  ကျေးရွာပေါင်း ၉၈ ရွာ အဆက်အသွယ် ပြတ်တောက်နေပြီး ၃၈ ရွာက လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

 

သေဆုံးသူ နှစ်ဉီးမှာ ရဲအရာရှိများဖြစ်ပြီး ၎င်းတို့၏ မော်တော်ကားမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 

၎င်း၏ လုပ်ဖော်ကိုင်ဖက် သုံးဉီးဖြစ်သည့် စက်မှုတွင်း အော်ပရေတာများမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

 

ဘေးအန္တရာယ် ကျရောက်သည့် ဧရိယာ အတွင်းရှိ လမ်းမကြီးများ ပြိုကျမှုကြောင့် ယာဉ်များမှာ ရေးစီနှင့်အတူ မျောပါသွားခဲ့သည်။

 

 

ဂီရီဆန်ပြည်နယ်နှင့် အိမ်နီးချင်းများဖြစ်သည့် တာဘီဆန်၊ ရီဆန်နှင့် အာတီဗင် တို့တွင် ပိုမိုပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။

 

 

ရေဘေးသင့်သည့် ပြည်သူများကို ကူညီမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက် အာဒိုဂန်က  ကတိပြု ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်