၂၄ ဩဂုတ်
တရုတ်နိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု မျှော်လင့်ရသည့် တိုင်ဖွန်းမုန်တိုင်း ဘာဘီအတွက် တရုတ်နိုင်ငံအမျိုးသားလေ့လာရေးက ဩဂတ် ၂၄ရက်နေ့တွင် အဝါရောင် သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ရှစ်ကြိမ်မြောက်ဖြစ်ပေါ်ခဲ့သည့် အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် တနင်္လာနေ့ နံနက်အစောပိုင်း အပူပိုင်းမုန်တိုင်းကြောင့် ပြင်းထန်ခဲ့ပြီး နံနက် ၅ နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ ဂျေဂျူးကျွန်း၏ တောင်ဘက် ၆၆၀ ကီလိုမီတာတွင်အမြင့်ဆုံးလေအားဖြင့်တစ်နာရီ ၁၁၈ဒသမ ၈ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်လျက်ရှိကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောကြားခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၁၀ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ပြီး ယခုအပတ်အတွင်း တရုတ်နိုင်ငံအရှေ့ဘက်ရှိ ရှန်ဒေါင်ကျွန်းကို ချဉ်းကပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနက မျှော်လင့်လျက်ရှိသည်။
တနင်္လာနေ့ နံနက်မှ အင်္ဂါနေ့ နံနက်အထိထိုင်ဝမ်၊ ဒီအိုယုကျွန်းများနှင့် ကျန်းကျန်းပြည်နယ်များရှိပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများသို့ ကျရောက်နိုင်သည်ဟု ဆိုသည်။
လေမုန်တိုင်းကျရောက်နိုင်သည့် ဒေသများမှ လူများနှင့် ရေယာဉ်များအား ဘေးကင်းရာသို့ ပြောင်းရွေ့ကြရန် စင်တာမှ အကြံပေးလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်